မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အာဆတ်ကလေး ရောက်လို့လာ
ည
(၈)နာရီခန့်ရောက်လျှင် မောင်ဒေါ၏ နိုင်ငံတကာခရီးစပါ၏။ စီစီတီဗွီလေယာဉ်ကို စီးလိုက်၊
အဲလ်ဂျာဇီးရားလေယာဉ်ကိုစီး လိုက် ဟိုဟာစီးလိုက်၊ ဒီဟာစီးလိုက်ပေါ့လေ။
ဂရိနှင့်စပိန်က
ဆန္ဒပြပွဲများ၊ ဂျပန်နှင့် ဖိလစ်ပိုင်က မုန်တိုင်းများ၊ အင်ဒိုနီးရှားက ငလျင်၊ ဆီးရီးယားက
ခုတ်ထစ်သတ်ဖြတ် ပစ်ခတ်မီးလောင် အခြေအနေများစသည့် နေရာအနှံ့ကို ကုလားထိုင်ပေါ်မှ ရောဖြစ်ပါ၏။
ကုလားထိုင်ပေါ်မှာပင် တခါတရံလည်း ငိုက်မျဉ်း
မိသွားပါ၏။
အင်းဟိုနေ့ညကတော့၊
မောင်ဒေါဆတ်ခနဲ့ ငိုက်သွားစဉ် ပုခုံးကိုလက်နှင့်တို့၍ နှိုးတာနှင့် ကြုံရပါ၏။ သူကားခေသူမဟုတ်၊
ဘာရှားအာဆတ်၊ ဆီးရီးယားက ငတိ၊ ယင်းသူက မောင်ဒေါအား လှုပ်နှိုးပြီးစကားပြောပါ၏။ ထူးထူးဆန်းဆန်းသူကဗမာလိုပြောနေပါ၏။မည်သည့်မြန်မာစာကျူရှင်ဆရာထံတွင်အပြတ်သင်တန်း အပြုတ်သင်တန်းတက်လာခဲ့သည်မသိ။
“မင်းဂလား
ညသန်းခေါင်းပါ ဆရာဒေါခင်းဗျား၊ ချနုပ် အာဆတ်က ဆြာဂျီးထံကြွချီးလာရခြင်းကတော့ ထိုင်းပင်းဖို့
ပြီပါတယ်။ အဲဒလို ထိုင်းပင်းစရာတွေးက အများဂျီး ဆိနေလို့ ဖြိပါတယ်ခင်ဗျား။
ဒီငတိကိုမောင်ဒေါသိပ်ဘ၀င်မတွေ့လှပါ။သို့တစေသံတမန်ကျင့်ထုံးကို“လန်ဂလေ”က “ဖေါဒိန်းအိပ်စပတ်”ဆိုသူတွေထံကတစ်ပါတ်အပြတ်သင်တန်းတက်ထားပြီးသားမောင်ဒေါပေပဲလေ၊“ဧည့်သည်ကိုမညိုညင်စေရ”ပေါ့။
“ကဲ……ပြောစေဗျာ……ဒါပေမဲ့
ကိုယ်က - ဟို မောင်ရင်ရဲ့ ဗီတိုရှင်ကြီးတွေလို အရှည်ကြီးတော့ နားထောင်နိုင်မယ် မဟုတ်ဖူး
နော်၊ “ဟေတီ”နဲ့ “ဂျမေကာ”ကိုလဲသွားရဦးမှာ၊”
“ပြောရမှာဖြင့်
ချနုပ်ကားသံတမန်စည်းကမ်းတွေကို ဘယ်တုံးကလိုက်နာဖူးလို့တုံး”
ဖိုးတိနဲနဲတော့
ရှုံ့သွား၏။ သို့သော် မည်သူက မည်သို့ ချွန်တွန်းလုပ်ထားသည်မသိ၊ မောင်ဒေါကို ဘယ်လိုထင်နေလေ
သည်မသိ၊ မောင်ဒေါ၏ ဘေးရှိ ကြိမ်ဖင်ပေါက်ကုလားထိုင်တွင် ၀င်ထိုင်လိုက်ရင်း ဆက်၍ ဆိုပြန်ပါ၏။
“ဂလို….ဆြာဂျီ…..ချနုပ် အခုအရမ်းအာရမ်းချောက်နေပါဒဲ။ ချောက်ချောက်နဲ့ပဲ မြင်မြင်းဂရာကို
တေနပ်နဲ့ စွပ်ပစ်ခိုင်း၊ ဗုံးကြဲခိုင်းလုပ်နေတာပါ။ ညညဆိုးချနုပ် အိပ်မပျော်ဘူး။ ချနုပ်ရဲ့
ကျောဖက်ကို ချည်ဆံတွေလာလာမှန်ပါဒဲ၊ မီးတောက်တွေလာစွဲပါဒဲ၊ အမှန်းကဒေါ့ - ဒီ “ဒမက်စကတ်”နဲ့
ဆီးရီး ယားမြေပေါ် မြေအောက်တွေပစ္စည်းတွေဟာ ချနုပ်ရဲ့ ဘိုဘွားပိုင်တွေပါ။ ချနုပ်ရဲ့ အဖေးအာဆတ်က
ချနုပ်ကို အမွေးပေးခဲ့တာပါ။ အဲဒါကို မနာလိုကြတဲ့……အဟင့်…….တူများ အရမ်းရမ်းကို စိတ်ညစ်နေပါဒဲ-ချောက်လဲချောက်ပါဒဲ၊
ချနုပ်ရဲ့ ဆီမိုက်အနွယ်များကလဲ ချနုပ်ကို မထောက်ခံကြပါဖူး၊ ဂျားနေတဲ့ ကိုဂျီးပူတင်းကို
ကိုဂျီးဝမ်တို့ကို ဂျီးဟူတို့ကလဲ တူများကိုဆူကြပါတယ်။ ဟေ့ကောင်လေး မင်းသူဒို့ နဲ့ဆွေးနွေးလိုက်တဲ့၊
ချနုပ်ဒီ- ဖွတ်ကျားနချီးလူးတွေနဲ့ စကားမပြောနိုင်ပါဘူး။ ချနုပ်လိုမဟာဆီး မဟာသွေးသူကောင်းမျိုး
တူများချနုပ်နဲ့ ဘယ်လိုများတူလို့တန်လို့လဲ…..အဟင့်”
“ဒီမှာ……..မောင်အာဆတ်ကလေး…….နင်ပြောချင်တာကို
လိုတိုရှင်းပဲပြော - သိပ်အများကြီးပြောရင် နားရှုပ်သကွဲ့” “၀ုတ်ကဲ့ …..ထိုပါ့မယ်ဆြာချီး….တိုပါ့မယ်။ အခုဆြာဂျီးရှီဂို
ရောက်လာရခြင်းအကြောင်းအရာကတော့ ဟိုကုလမေတ္တာရပ်ခံရေး သမဂ္ဂဆီကိုသွားပြီး တူများကို ထောက်ခံဆွေးနွေးပေးဖို့ပါ။
တူများရဲ့ လူတစ်ယောက်က အဲဒီမှာ စကားပြောတော့လဲ ဘဒူကမှသိပ် မယုံကြဖူးဖြစ်……”
“အိမ်း…..မောင်ရင့်ဥစ္စာကလဲမယုံစရာ
ပေဘဲကိုးလဟဲ့၊ ကလေးတွေရှိလား မိန်းမတွေရှိသလား၊ တောင်တောင်မြောက်မြောက် ဘာမှမစဉ်းစားပဲနင်က
“ထု”ဖို့ချည်းစဉ်းစားနေသဟာကိုး၊ လက်ပြတ်ခလေး၊ ခြေပြတ်ခလေးတွေရဲ့ ငိုသံတွေ၊ လင်သေမုဆိုးမတွေရဲ့
ငိုသံ၊ ဘာမဆိုင် ညာမဆိုင် ဗုံးဆမှန်ပြီး အသုဘဖြစ်သွားတဲ့လူတွေရဲ့ ပိုးလိုးပက်လက်ခန္ဓာကိုယ်တွေ။
အဲဒါတွေမောင်ရင် မကြားဖူးမမြင် ဖူးလားဟ”
“မကြားလဲမကြား၊
မမြင်လဲမမြင်မိပါဘူး ဆြာဂျီးရယ်….အဟင့် …….တူများက နားကိုဂွမ်းဆို့ပြီး မျက်စေ့ကို
ဟိုဟာလေးဘလိုင်း နဲ့ပိတ်၊ ဒမတ်စကတ် အိမ်တော်အောက်က ဗုံးကျင်းထဲမှာ တကိုယ်လုံးတုန်နေတာပါ။
ဆြာဂျီးရဲ့ အဟင့်…..အဟင့်…..တူများ ကြောက်လွန်းလို့ပါနော်…….နော်……ဆြာဂျီးသွားပြောပေးပါနော်”
“အိမ်း……….ဖွမ်……..ကြောက်တယ်ဆိုတာက
တော်တော်ဆိုးတာကလားကွယ်။ မောင်ရင့်လိုပဲ ကမ္ဘာ့ငကြောက်ကြီးတွေလဲ အဲသလို ကြောက်ကြောက်နဲ့
မာလကီးယားကုန်ကြတာပေပဲ။ ငါဆရာ…….မောင်ရင့်ကို ကူညီချင်ပါတယ်။ သဗ္ဗသဒ္ဓိလေးဂွလေး တချောင်းနဲ့
ဆေးနွားလေး တစ်ကောင်ရယ် - သေခါနီး ပါးစပ်ထဲငုံရမဲ့ ဗမာမတ်စေ့လေးတစ်စေ့ရယ်ပဲ ဆရာလဲတတ်နိုင်သကွဲ့၊
ဂျီနီပါတို့ နျူးယောက်တို့သွားဖို့ကတော့ ဆရာဘိုင်ပြတ်နေသကွဲ့၊ နောက်ပြီး ဖွတ်ကလိ စက္ကူလေးတွေ ရလို့ သွားရသည်ထား၊
ဆရာ့ကို ဖိနပ်နဲ့ပေါက်ကြမဲ့ “ငမိုး” တို့တတွေကိုလဲနဲနဲဖြုံရသေးတယ်။ “ဒါဆိုရင်…….အဲဒီကိစ္စဆြာဂျီးမကူးညီနိုင်ဖူးပေါ့။
တူများရဲ့ နောက်ဆုံး ကောက်ရိုးလေးတော့သွားပါပြီတော် (အဲလေ)ဗျာ။ ဒါပေမယ့် ဆြာဂျီးရယ်
ဟို “ခလေးတွေကို ကယ်တင်ကြ” ဆိုတဲ့အဖွဲ့ကလဲ တူများ ချနုပ်ကိုလာပြီး တားစွဲမယ်။ ဘာညားနဲ့
ခြိမ်းခြောက်နေကြပါတယ်။ အဲဒါလဲ…….အဟင့်………တူများတိတ်ပြီး လန့်ပါတယ်။ ဟို… …….နိုင်ငံတကာတရားရုံးလား……….အဲဒီကိုရောက်သွားရင်
ကိုကြီး မူဘာရတ်တို့ ကိုကြီးဂဒတ်ဖီးတို့ ကိုကြီး နော်ရီယေးဂါး တို့လိုများ……..တူများ
အခုတောင် တုန်စရာတွေ မှန်သမျှတုန်နေပါပြီး ဆြာဂျီး ရယ်……..ဟင့်…….ဟင့်……..ဟင့်
ကျွန်ုပ်မောင်ဒေါအား
ဘာမှန်းမသိပဲလာရောက်ပြီး တောက်တဲ့ကပ်ကပဲ၊ ကျားပိန်တွယ်တွယ်နေသည့် ယင်းငနဲအားမည်သို့
ခွာထုတ်ရမည်မသိ မောင်ဒေါဖြစ်နေမိ၏။ မကြာမတင်မှာပင် မောင်ဒေါစည်ပိုင်းထဲက အဲလ်အီးဒီမီးလုံးစူးစူးဝါးဝါးလင်းလာ၏။
သူများအလကား
လက်ဆောက်ပေး၍ရထားသော - ဟဗဲနာဆေးပြင်းလိပ်တလိပ်ကို မောင်ဒေါမီးညှိလိုက်၏။ ဟိုဟောလီဝုက
“ကလင့်အိမ်ဝု”ဆိုလား “ကရင့်အိဥ”ဆိုလား၊ အဲဒီငနဲရဲ့စတိုင်နဲ့ ဘယ်ပါးစောင်းမှ ညာပါးစောင်ပြောင်းလိုက်၏။
ပြီးမှ
“သနားတော့သနားပါသကွဲ့
မောင်အာဆတ်ကလေး၊ ငါဘာမှလုပ်မပေးနိုင်ဖူးလကွယ်၊ အဲသည်တော့ မောင်ရင်ပြန်တော့၊ မပြန်ရင်တော့
အခုဆရာ့ပါးစပ်မဟာမှာ၊ နီစွာသော မီးညှိပြီး၊ ရှိနင်းကီးနေတဲ့ ဟဗဲနာဆေးပြင်းလိပ်တော်နဲ့၊
မောင်ရင့်ရဲ့ ဒွာရကိုးပေါက် ကိုဆို့ပြီး၊ ဆိုင်းမဆီး ဗုံမဆင့်ပဲ သင့်နရာ ဒမတ်စကတ်ကို
မတ်တတ်ပင်မပြန်နိုင်ဖြစ်သွားစေအံ့”
ဤတွင်မောင်ဒေါ
နားချမ်းသာရာရသွားပါ၏။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment