Monday, December 24, 2012

“တပို့တွဲရောက် ဒို့မြေကလေး”

“တပို့တွဲရောက် ဒို့မြေကလေး”
8th anniversary သို့

ကမ္ဘာ့ကြီး နွေးလာတာမို့
အေးမလို့ ဆောင်းနေ့တွေဟာ
အရဲကိုးစွာနဲ့ အပူရက်စက်
မြင့်တက်လာတဲ့ ပင်လယ်ရေ
ကမ်းခြေကို အနမ်းကြမ်း
ရမ်းကားတဲ့ မိုးရေတွေ
နေရာတချို့ကို မောင်ပိုင်စီး
အင်အားကြီးရင် ခေါင်းမော့
အကြော့သား နှိပ်စက်နေလိုက်တာ
ဖန်သားပေါ်မှာ အထင်သား။
တပို့တွဲရောက် ဒို့မြေလေးပေါ်မှာ
ကမ္ဘာ့နွေးတာလောက်တော့ ပျင်းသေး
ဒို့တေးကို သံပြိုင်ဟစ်
ဒို့မေတ္တာတွေ အနှံ့ဝေ။
“အိုအေစစ်”ကို ဒို့ဖန်ဆင်းပြီးသား
“ပဲကုလားဟင်းနဲ့ ငါးပိထောင်း” အပေါ်
ဒိန်ခဲ မကျော်နိုင်စေ့ဖူးဟေ့။
ကွေ့မသွားဖူး တည့်တည့်ပဲ
ကြယ်ရဲ တို့ရဲ့ ချီရာလမ်း
ပန်းတွေခင်းရင်ခင်း မခင်းချင်နေ။

          ချစ်ဖူး
            ၂၀၁၀ ဖေဖော်ဝါရီ ၁၀/၁၁

No comments:

Post a Comment