တပည့်ချစ်သို့ သ၀ဏ်လွှာ…..
v လရောင်အရိပ်၊ မှုံပိတ်မြူကြား
တိုးသွားခွဲဖေါက်၊ မြေပြင်ရောက်လာ
ကမ္ဘာတခုလုံး ကြည်မြအေး။ ။
v အရှေ့မိုးဝ၊ ဖိတ်ကျနေခြည်
ရွှေရည်သွန်ဆင်း၊ မြေပြင်လင်းလာ
ကမ္ဘာတခုလုံး ရွှင်သိမ့်နွေး။ ။
v အို….လရောင်နေရောင်
မမှောင်သေးသမျှ၊ ငါ့မျှော်လင့်ချက်
မပျက်ပြုန်းသေး၊ သည်အတွေးမှ
ငါ့အား ငါ့မာန်ဖြစ်လာသည်။ ။
v ငိုကြွေးခြင်းမှာ၊
ခဏပါဘဲ။
ရုန်းကန်ခြင်းမှာ၊ ဘ၀ပါဘဲ။
ငါယုံနေသမျှ…….
လရောင်နေရောင်၊
အမှောင်ထဲက၊
ခွဲထွက်လာဦးမည်မုချ။ ။
v မြင့်ဦးသစ် - ၁၉၇၉
-->
No comments:
Post a Comment