Monday, December 24, 2012

ခံစားခြင်း




 ခံစားခြင်း



အကကို ကြိုက်ရင်တော့
ကော့နေတာလဲ အလှ
ကွေးနေတာလဲ အလှ
ညွှတ်ပြတာလဲ ကဗျာ
ဝတ်ပြတာလဲ ကဗျာ
အနုပညာနဲ့ မြင်တဲ့အမြင်………
အဆီတုံး၊ အသားတုံးတွေ
ကုန်းကုန်း ကွကွ
ပြဲပြ၊ ဆန့်ပြ
မျက်စိက သာမာန်၊
မျက်ဖြူလန်နေတဲ့ အကြည့်
အာရုံသိ ထိရှ
ရာဂတဏှာနဲ့ မြင်တဲ့အမြင်……….
မြင်ချင်ရာနဲ့မြင် (အပြစ်မရှိဖူး)
ရွှေပင်နားတော့ ရွှေကျေး
အတွေးနဲ့ တနံတလျား
ခံစားသူနဲ့ပဲ ဆိုင်သနော………….

                   ချစ်ဖူး

No comments:

Post a Comment